(曹润盛供稿)
中国国有中信集团于1月25日宣布,将建造一座桥梁,连接该公路与若开邦的皎漂绎济特区和两个深海港口。
这家中国公司表示,这两个项目是KYAUKPHYU皎漂犄别经济管理委员会与中信公司达成的合资协议的一部分。
通往KYAUKPH白YU皎漂经济特区的道路长15公里(超过九英里),该桥将连接MADAE岛和RAMBREE兰里岛的两个深海港口。
7Day News | ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ဆက်သွယ်သည့် လမ်းမနှင့် ရေနက်ဆိပ်ကမ်းပေါင်းကူးတံတား တရုတ်
မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းရှိ ရေနက်ဆိပ်ကမ်းနှစ်ခု ပုံစံငယ် ဓာတ်ပုံ– CITIC
ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် သို့ ဆက်သွယ်သည့်လမ်းမနှင့် ရေနက်ဆိပ်ကမ်းနှစ်ခုကိုဆက် သွယ်မည့် ပေါင်းကူးတံတား တည်ဆောက်မည်ဟု တရုတ် အစိုးရပိုင် CITIC ကုမ္ပဏီက ဇန်နဝါရီ ၂၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
Business | Amata ကုမ္ပဏီကို ရန်ကုန်စတော့အိတ်ချိန်းတွင် မတ်လ ၁၂ ရက်ကစ၍ အစုရှယ်စတင်ရောင်းချခွင့်ပြု
Advertorial | မြန်မာနိုင်ငံ၏ Cashless အသုံးပြုမှုကို အရှိန်မြှင့်တင်ခြင်း
ထိုစီမံကိန်းနှစ်ခုမှာကျောက်ဖြူအထူးစီးပွားရေးစီမံ ခန့်ခွဲမှုကော်မတီနှင့် CITIC ကုမ္ပ ဏီအကြား လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်အရ ဆောင် ရွက်ခြင်းဖြစ်သည်ဟု တရုတ်ကုမ္ပ ဏီက ထုတ်ပြန်သည်။
ကျောက်ဖြူ အထူးစီးပွား ရေးဇုန်သို့ ဆက်သွယ်ထားသည့် လမ်းမသည် ၁၅ ကီလိုမီတာ(ကိုးမိုင်ကျော်) ရှည်လျားပြီး ပေါင်းကူးတံတားသည် မဒေး ကျွန်းနှင့် ရမ်းဗြဲကျွန်းရှိ ရေနက် ဆိပ်ကမ်းနှစ်ခုကို ဆက်သွယ်ပေး မည်ဖြစ်သည်။
စီမံခန့်ခွဲမှုကော်မတီနှင့်ကုမ္ပ ဏီအကြား စီမံကိန်းတည် ဆောက်မှုပုံစံ၊ ဒီဇိုင်း၊ ငွေကြေး ထည့်ဝင်မူ၊ လုပ်ငန်းလည်ပတ်မှု နှင့် လုပ်ငန်းလွှဲပြောင်းမှုတို့အ တွက် သဘောတူညီခဲ့ပြီးဖြစ်သည် ဟု ထုတ်ပြန်သည်။
CITIC ကုမ္ပဏီက အထက် ပါလုပ်ငန်းများအတွက် စီမံကိန်း ဦးဆောင်ဆောင်ရွက်သူ အဖြစ် လုပ်ကိုင်ခွင့်ရထားသည်။ ထိုလုပ် ငန်းများအတွက် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု အကဲဖြတ်ရေးလုပ် ငန်းများ (EIA) ဆောင်ရွက်မည် ဖြစ်၍ စိတ်ဝင်စားသည့်ကုမ္ပဏီ များလျှောက်ထားနိုင်ပြီး ဖေဖော် ဝါရီ ၈ ရက်ထက်နောက်မကျစေ ဘဲ ဆက်သွယ်ဆောင်ရွက်ရမည် ဟု CITIC ကုမ္ပဏီက ဆိုထား သည်။
ကျောက်ဖြူ အထူးစီးပွား ရေးဇုန်သည် တရုတ်နိုင်ငံက ဖော် ဆောင်နေသည့် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR) စီမံကိန်းအတွက် အဓိကကျသည့် စီမံကိန်းဖြစ်ပြီး ယင်းတွင် ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာ စီမံကိန်းဟူ၍ သုံးပိုင်းပါဝင်သည်။
ဦးသိန်းစိန်အစိုးရသက် တမ်းကုန်ရန် ရက် ၉၀ အလိုတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုထံ လုပ်ကိုင်ခွင့်ပေး ခဲ့သည်။
စီမံကိန်းတစ်ခုလုံးအတွက် ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို မြန်မာ အစိုးရက ပိုင်ဆိုင်ပြီး တရုတ်ကုမ္ပ ဏီက ရှယ်ယာ ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။
ထိုရှယ်ယာအချိုးတွင် မြန် မာဘက်က ငွေကြေးတစ်စုံတစ် ရာထည့်ဝင်စရာမလိုခဲ့ပေ။ ထိုစီမံ ကိန်းသည် နိုင်ငံရေး၊ စီးပွားရေး အရ မဟာဗျူဟာမြောက်စီမံကိန်း တစ်ခုဖြစ်၍ ဒီချုပ်အစိုးရက စာချုပ်ပါ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခဲ့သည်။
နှစ်နိုင်ငံကြား ၂ နှစ်ခွဲကြာ ညှိနှိုင်းပြီးနောက် ဦးသိန်းစိန်အစိုးရသဘောတူညီခဲ့သည့် ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်း ကို ဒီချုပ်အစိုးရက တရုတ်ကုမ္ပ ဏီအား လုပ်ကိုင်ခွင့်ပြုခဲ့သည်။
သဘောတူညီမှုတွင် ရှယ် ယာပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းထိ မြန်မာဘက်က တိုးတက်ရရှိခဲ့ပြီး စီမံကိန်း ကနဦး ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏကို လျှော့ချနိုင် ခဲ့သည်။ မြန်မာဘက်က ရှယ်ယာ ပိုမိုရရှိလာခြင်းကြောင့် ငွေကြေး ထည့်ဝင်ရန် လိုအပ်လာသည်။
ပထမဆုံး မူဘောင်သဘော တူခဲ့သည့် ရေနက်ဆိပ်ကမ်းတန် ဖိုးသည် ကန်ဒေါ်လာ ခုနစ်ဘီလီ ယံရှိပြီး မြန်မာက တစ်ဘီလီယံ ကျော် ထည့်ဝင်ရမည်ဖြစ်သည်။
၂၀၁၈ နိုဝင်ဘာ ၈ ရက်တွင် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား သဘောတူညီမှုအရ ရေ နက်ဆိပ်ကမ်းကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖြင့် ပထမအ ဆင့် အကောင်အထည်ဖော်မည် ဖြစ်သည်။ ထိုအဆင့်တွင် မဒေး ကျွန်းနှင့် ရမ်းဗြဲကျွန်းတွင် ဆိပ်ခံ တံတားနှစ်ခု တည်ဆောက်မည် ဖြစ်သည်။
Local News | မြန်မာ့ဒီမိုကရေစီ တည်တံ့ခိုင်မြဲပါစေဟု ရုရှားသံအမတ်ကြီး ဆုတောင်း
Local News | ဖေဖော်ဝါရီ ၁ ရက် ထီဖွင့်ပွဲတွင် ဆုငွေကျပ်သန်း ၅၀၀ ခန့် တိုးမြှင့်
转载请注明:《中国中信集团将修建连接皎漂经济特区的道路和深海港口桥梁 7Day News | ကျောက်ဖြူအထူးစီးပွားရေးဇုန်သို့ဆက်သွယ်သည့် လမ်းမနှင့် ရေနက်ဆိပ်ကမ်းပေါင်းကူးတံတား တရုတ်(中缅双语)》 复制链接
RSS