(缅中双语)(曹润盛供稿)
ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဒေါ်လာသန်း၂၅၀နှင့် ကျပ်သန်း ၁,၀၀၀ တို့ဖြင့် ရန်ပုံငွေထူထောင်
ပြည်သူများလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်
By ထွန်းထွန်းမင်း on Wednesday, January 06, 2021 – 00:09
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေကို အစိုးရက အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် ကျပ်သန်း၁,၀၀၀ တို့ဖြင့် မ,တည်ထူထောင်ထားပြီး ပြည်သူများကလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက်တွင် ထုတ်ပြန်ကြေညာသည်။ Local News | မန္တလေးတိုင်းတွင် ၂၀၂၀ အတွင်း ရှော့ခ်တိုက်ငါးဖမ်းဆီးသူများကို အရေးယူသည့်အမှုပေါင်း ၆၀ ကျော်ရှိAdvertorial | KBZPay က ချေးငွေ Customer တွေအတွက် Credit Score တစ်ခု တည်ဆောက်နိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှု စတင်ပေးအပ်ခဲ့တဲ့အကြောင်း
ရန်ပုံငွေအတွက် အစိုးရက ကျပ် ၃၃၈ ဘီလီယံနှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို နိုင်ငံခြားငွေစာရင်းအဖြစ်လည်း ကောင်း၊ ကျပ်သန်း ၁,၀၀၀ ကို ကျပ်ငွေစာရင်းအဖြစ်လည်း ကောင်း ဖွင့်လှစ်လိုက်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကာကွယ်ဆေး ဝယ်ယူရေးအတွက် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖွဲ့စည်းခဲ့သည့် ဆပ်ကော်မတီက ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။
ထို့အပြင် လှူဒါန်းလိုသူများ သည် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ နိုင်ငံခြားစာရင်း EDC600012 သို့ မည်သည့်နိုင်ငံခြား ငွေမဆို လှူဒါန်းနိုင်သည်ဟု ကော် မတီက ထုတ်ပြန်ထားသည်။ မြန် မာကျပ်ငွေဖြင့် လှူဒါန်းလိုသူ များသည် ကျပ်ငွေစာရင်း OA 013733 သို့ လှူဒါန်းနိုင်သည်။
ဝန်ကြီးဌာနက လှူဒါန်းရန်ဖိတ်ခေါ်ပြီးနောက် ဧဒင်ကုမ္ပဏီအုပ်စု၊ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် Denko ကုမ္ပဏီတို့၏ ဥက္ကဋ္ဌဦးချစ်ခိုင်က ဇန်နဝါရီ ၅ ရက် တွင် ကျရောက်သော ၎င်း၏ မွေးနေ့အလှူအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းခွဲကို ကာကွယ်ဆေးဝယ် ယူရန် လှူဒါန်းကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ကြေညာခဲ့ သည်။COVID-19 ကာကွယ်ဆေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ ဒေါ်လာသန်း ၆၀ ရယူရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦး ထွန်းထွန်းနိုင်က ပြောထားသည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့မှလည်း ချေးငွေများရယူရန် ဆောင်ရွက်နေသည်ဟု ၎င်းက ပြေထားဖူးသည်။ ထို့အပြင် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရေးအ တွက် ငွေကြေးလိုအပ်ပါက ဝန်ကြီးဌာန အသုံးစရိတ်များကို ပြန်လည်နုတ်ယူမည် ဦးထွန်းထွန်း နိုင်က ပြောထားသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံ၊ Serum Institute of India မှ COVID-19 ကာကွယ်ဆေးများ ကို ဝယ်ယူရန် အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ် သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့ သည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် ကာကွယ်ဆေးစတင်ထိုးနှံပေး မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောထားသည်။Business | COVIDကာလအတွင်း ငွေကြေးဖောင်းပွမှု ကျဆင်းသော်လည်း အခြေခံစားကုန်အချို့ဈေးမြင့်တက်Local News | ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နောက်ဆုံးအစည်းအဝေးခေါ်ယူပေးရန် ပြည်ခိုင်ဖြိုးပါတီက သမ္မတထံ အိတ်ဖွင့်ပေးစာဖြင့် တောင်းဆို
缅甸政府已拨出2.5亿美元和10亿缅元来资助向公众开放的KOVIS疫苗基金。财政和工业部于一月五日宣布了这消息。政府将为该基金提供2.5亿美元(2.5亿美元)的外汇,声明设,也开设设了10亿缅元的缅元账户。(详情请看七日新闻你缅文极导。)
。
转载请注明:《7Day News | ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် ဒေါ်လာသန်း၂၅၀နှင့် ကျပ်သန်း ၁,၀၀၀ တို့ဖြင့် ရန်ပုံငွေထူထောင်缅甸政府设立2.5亿美元和10亿缅元的基金作为对购买KOVIS疫苗的资助。》 复制链接
RSS