ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပြီးနောက် ဒေါ်လာတန်ဖိုး အနည်းငယ်ပြန်ကျ
By ပြည်သိမ်း on Wednesday, December 16, 2020 – 18:45
ဗဟိုဘဏ်က ဒေါ်လာ သုံးသန်းထုတ်ရောင်းပြီးနောက် နှစ်ရက်အတွင်း ပြည်တွင်းငွေ ကြေးဈေးကွက်တွင် တစ်ဒေါ်လာ ၂၅ ကျပ်မှ ၃၀ ကြား ပြန်လည်ကျ ဆင်းလာသည်။
ဒီဇင်ဘာလဆန်းတွင် ၁,၃၃၀ ကျပ်ဝန်းကျင်မှ ၁,၄၀၀ ကျပ်အထိ မြင့်တက်လာချိန် ဒီဇင်ဘာ ၁၄ရက် မွန်းလွဲပိုင်းတွင် ဗဟိုဘဏ်က ပြည်တွင်းငွေကြေး ဈေးကွက်သို့ တစ်ဒေါ်လာ၁,၃၇၂ ကျပ်ကျော်ဖြင့် ဒေါ်လာသုံးသန်း ထုတ်ရောင်းခဲ့သည်။ ထိုသို့ ဗဟို ဘဏ်က ထုတ်ရောင်းပြီးနောက် ဒီဇင်ဘာ ၁၆ ရက်တွင် ၁,၃၇၂ ကျပ်ဝန်းကျင်သို့ ပြန်လည်ကျ ဆင်းလာသည်။
Local News | အတည်ပြုလူနာ ၂၇ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၂,၃၄၆ ဦးရှိလာ
Advertorial | AMPA နှင့် Power ပိုင်းဆိုင်ရာ ဒီဂျစ်တယ်ပြပွဲကြီး ယနေ့စတင်ပြသနေပါပြီ။
ငွေဈေးကစားသူများ ကြောင့် ယခုရက်ပိုင်းအတွင်း ဒေါ်လာတန်ဖိုး အတက်အကျဖြစ် နေသည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
လက်ရှိ ပြင်ဈေးကွက်တွင် ဒေါ်လာတန်ဖိုးက အချိန်ပိုင်း အတွင်း ပြောင်းလဲနေပြီး တည် ငြိမ်မှုမရှိကြောင်း ၎င်းက ဆို သည်။
‘‘ဒေါ်လာနဲ့ပတ်သက်ရင် ဒီနိုင်ငံမှာက စိတ်ဝင်စားသူများ တယ်။ ဈေးဝင်ကစားတာတွေရှိ တယ်။ အခြားနိုင်ငံမှာဆို ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်လောက်ပဲ စိတ်ဝင်စားတာ’’ ဟု မြန်မာ့မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့် ဖြူး ရောင်းချရေးလုပ်ငန်းရှင်အ သင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
Local News | ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာအသင်း လာမည့်ဇန်နဝါရီ တွင် စတင်လေ့ကျင့်မည်
Feature | တောတောင်ရေမြေ သဘာဝအမွေ
缅乡消息(以下7日新闻缅文消息)
缅甸中央银行发行美元后,美元小幅贬值。
在央行发行300万美元的两天内,当地货币克美元汇率下跌了25至30缅元。
中央银行在12月14日下午向当地货币市场以汇率1,330缅元价格出售出了价值300万美元后,汇率下降至1.372缅元,当时汇率从12月初的1.330缅元上升至1.400缅元。央行发行出售债卷后,12月16日汇率回落至约1372缅元。
一位外汇交易员称,由于投机者的操作最近几天美元一直在波动。
他说,美元在外部市场上的当前价值一直在波动,而且在不断波动不平稔。
。
RSS