(澜湄趴)
1月10日,外交部发言人华春莹宣布:
应缅甸联邦共和国总统温敏邀请,国家主席习近平将于1月17日至18日对缅甸进行国事访问。
多年来,中缅两国紧紧相连,缔结了生生不息的“胞波”深情。
နှစ်ပေါင်းများစွာတွင် တရုတ်-မြန်မာနှစ်နိုင်ငံ နက်ရှိုင်းစွာ ဆက်ဆံကာ ချစ်ခင်ရင်းနှီးသော အစဥ်အလာ “ပေါက်ဖော်ချစ်ကြည်ရေး”ကို လက်ဆင့်ကမ်းကြသည်။
缅甸独立后首任总理的女儿杜丹丹努,以及中国文化专家杜茵茵梅、作家吴亨腊、吴盛埃敏等缅甸知名人士,纷纷借云桥网,表达对中缅关系的祝福,祝愿中缅两国友谊万古常青、历久弥新。
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဝန်ကြီးချုပ်အနေနှင့် ပထမအကြိမ် တာဝန်ထမ်းဆောင်သော ဦးနု၏ သမီး ဒေါ်သန်းသန်းနု၊ စာရေးဆရာ ဟိန်းနိုင်၊ ရုပ်သေးအနုပညာရှင် ဦးစိန်အေးမြင့် စသော မြန်မာနိုင်ငံမှ အထင်ကရပုဂ္ဂိုလ်များသည် LMp မှတစ်ဆင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအပေါ် ဆုတောင်းပေးကြပြီးတရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည် ရေး အဓွန့်ရှည်ပါစေ၊ တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းဆုခြွေကြပါသည်။
今天,中缅全面战略合作伙伴关系不断发展,共建“一带一路”、共同推进中缅经济走廊建设,深化中缅友谊与合作,推动两国关系迈上新台阶。滇缅合作之路也越走越宽阔。
ယနေ့ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး စဥ်ဆက်မပြတ် မြှင့်တင်လျက်ရှိသည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ”နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတူတည်ဆောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေပြီး နှစ်နိုင်ငံဆက်ဆံရေး ခြေလှမ်းသစ် လျှောက်လှမ်းနိုင်ရန် တွန်းအားပေးပါသည်။ တရုတ်ယူနန်-မြန်မာပူးပေါင်းဆောင်ရွက်မှု ရွှေလမ်းမကြီးတွင် လာလေကျယ်လေသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေပါသည်။
云南与缅甸,山水相连,
合作历史悠久,胞波情深谊长。
တရုတ်ယူနန်နှင့်မြန်မာတို့ တောတောင်ရေမြေ ဆက်စပ်လျက်ရှိကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတည်တံ့ခိုင်မြဲပါသည်။
2020年是中缅建交70周年,
让我们共同回望滇缅合作的这些高光时刻,
再次携手并进,拥抱崭新未来。
၂၀၂၀ ပြည့်နှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် အခါသမယ ဖြစ်သည်။ ကျွန်တော်တို့ တရုတ်ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၏ ထွန်းလင်းတောက်ပသော အချိန်အခိုက်အတန့်များကိုပြန်လည်ကြည့်ရှုကြပါစို့။
အနာဂတ်ကို လက်ချင်းတွဲကာ အတူရှေ့ဆက်လျှောက်လှမ်းကြမည် ဖြစ်သည်။
经贸合作 互惠共赢
စီးပွားကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အကျိုးစီးပွားများ အတူမျှဝေရရှိခြင်း
瞬间 လျှပ်တပြတ်
“这是我第一次到中国,工厂的领导很尊重我们的生活习俗,知道我们在这里生活得十分顺心后,也有村里的朋友表示很想来这里工作。”
——缅甸女孩丁雅吴
“ဒါကကျွန်မ တရုတ်ပြည်ကို ပထမဆုံးအကြိမ် ရောက်ရှိတာပါ။ စက်ရုံက ခေါင်းဆောင်တွေက ကျွန်မတို့ နေထိုင်မှုဓလေ့ထုံးစံကို ရိုသေလေးစားပါတယ်။ ဒီမှာ နေရတာ အကုန် လုံးအဆင်ပြေတယ်လို့ သိရတဲ့အတွက်ကျွန်မတို့ရွာက သူငယ်ချင်းတွေကလည်း ဒီနေရာကို အလုပ်လာလုပ်ချင်နေကြတယ်”လို့ မြန်မာမိန်းကလေးတင်ဇာဦးက ပြောသည်။
24岁的缅甸女孩丁雅吴在缅光帽业(瑞丽)有限公司已经工作了7个月,一个月的收入将近400000缅币(约2000元人民币)。
အသက်(၂၄)နှစ်ရှိမြန်မာမိန်းကလေး တင်ဇာဦးသည် မြန်ကွမ်ဦးထုပ်လုပ်ငန်း (ရွှေလီ) ကုမ္ပဏီလီမိတက်တွင်အလုပ်လုပ်ကိုင်နေသည်မှာ (၇)လရှိပြီဖြစ်သည်။ လစာဝင်ငွေမှာ မြန်မာငွေ(၄)သိန်း၊ တရုတ်ယွမ်(၂၀၀၀)ဝန်းကျင်ရရှိပါသည်။
作为中国参与中缅合作的前沿省份,
近年来,云南持续扩大与缅甸经贸合作:
တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံမှ ပါ၀င်ဆောင်ရွက်သောဦးဆောင်ပြည်နယ်အနေနှင့် ယခုနှစ်ပိုင်းအတွင်း ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် စီးပွားကူးသန်းရောင်းဝယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်လျက် ရှိပါသည်။
——设立中国(云南)自贸试验区德宏片区
တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန် တယ်ဟုန်ဇုန် ထူထောင်ခြင်း။
主要功能定位为重点发展跨境电商、跨境产能合作、跨境金融等产业,打造沿边开放先行区、中缅经济走廊的门户枢纽。截至2019年11月末,当地新增注册内资企业573户,外资企业15户。
နယ်စပ်ဖြတ်ကျော် အီးကော်မာ့စ်၊နယ်စပ်ဖြတ်ကျော် ကုန်ထုတ်စွမ်းအား ပူးပေါင်း ဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ငွေကြေးလုပ်ငန်းစသည့်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အဓိကထား ဆောင်ရွက်ပါသည်။ နယ်စပ်တံခါးဖွင့်လှစ်မှု ရှေ့တန်းဒေသနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အချက်အချာနေရာကို ဖန်တီးတည်ဆောက်ပြီး ၂၀၁၉ ခုနှစ် နို၀င်ဘာလ လကုန်အထိ ဒေသတွင်း ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၅၇၃)ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁၅)ခု အသစ်ထပ်မံ မှတ်ပုံတင်ခဲ့သည်။
(图片 花生豆子)
——贸易额度持续扩大
ကုန်သွယ်ရေးပမာဏ အဆက်မပြတ် တိုးများလာခြင်း။
贸易额度持续扩大。缅甸是云南第一大贸易伙伴、第一大进口来源国和出口目的国。2019年上半年,滇缅贸易总额达41.64亿美元,同比增长11.1%。
ကုန်သွယ်ရေးပမာဏ အဆက်မပြတ် တိုးများလျက်ရှိပါသည်။မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်၊ ပထမအကြီးဆုံး သွင်းကုန်နှင့်ပို့ကုန်နိုင်ငံ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်ယူနန်-မြန်မာ ကုန်သွယ်ရေးပမာဏမှာအမေရိကန်ဒေါ်လာ ၄၁၆၄ သန်းရှိပြီး အလားတူကာလထက် ၁၁.၁% မြင့်တက်ခဲ့ပါသည်။
——首次举行缅甸(腊戍)中国(临沧)边境经济贸易交易会
ပထမအကြိမ် မြန်မာ(လာရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ ကျင်းပခြင်း။
“此次边交会是一个吉祥的活动,集中体现着缅中贸易发展和友好合作的良好愿望。”缅甸商务部部长丹敏对腊戍和临沧携手合作高度评价。
“ယခုအကြိမ် နယ်စပ်ကုန်စည်ပြပွဲဟာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတစ်ခုပါ။ မြန်မာ-တရုတ် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ချစ်ခင်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ဖို့ ကောင်းမွန်တဲ့ဆန္ဒကို ထင်ဟပ်ပြလိုက်တာပဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လာရှိုးနှင့် လင်ချန်းတို့ လက်တွဲပူးပေါင်းဆောင်ရွက်မှုအပေါ် ဂုဏ်ပြုချီးမြှင့် ပြောကြားခဲ့ပါသည်။
——临沧边合区缅甸大学生创业园也正式开园
လင်ချန်း နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မြန်မာတက္ကသိုလ်ကျောင်းသား စွန့်ဦးတီထွင်ဇုန်။
为缅甸创业者提供最低的创业成本和较好的创业机遇。
မြန်မာနိုင်ငံလုပ်ငန်းထူထောင်သူများအတွက် လုပ်ငန်းထူထောင်ခြင်း ကုန်ကျစရိတ် အနည်းဆုံးနှင့် ကောင်းမွန်သော စီးပွားစွမ်းဆောင်မှုအခွင့်အရေးကို ထောက်ပံ့ပေးသည်။
——在曼德勒投资建设“缪达工业园”
“မန္တလေးမြို့သာစက်မှုဇုန်”ကို မြန်မာနိုင်ငံမန္တလေးမြို့တွင်ရင်းနှီးမြှုပ်နှံတည်ဆောက်ခြင်း။
云南保山与缅甸政府牵手,在曼德勒投资建设“保山曼德勒缪达工业园”。曼德勒是"一带一路"孟中印缅经济走廊的重要节点。该园区建成后统一服务管理,同时配套专业服务机构。
ယူနန်ပြည်နယ် ပေါင်စန်မြို့နှင့် မြန်မာနိုင်ငံအစိုးရတို့သည်မန္တလေးတိုင်းဒေသကြီးတွင် “ပေါင်စန်-မန္တလေးမြို့သာစက်မှုဇုန်”ကို အတူလက်တွဲရင်းနှီးမြှုပ်နှံကာ တည်ဆောက်ကြသည်။ မန္တလေးသည်”ရပ်ဝန်းနှင့်ပိုးလမ်းမ” နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ၏အရေးပါသော အချက်အချာနေရာ ဖြစ်သည်။ အဆိုပါဥယျာဥ်ဇုန်ကို တည်ဆောက်ပြီးနောက် ပေါင်းစည်းထားသော ဝန်ဆောင်မှုနှင့် အုပ်ချုပ်မှု ကျွမ်းကျင်သော ဝန်ဆောင်မှုဌာနကို ပံ့ပိုးပေးပါမည်။
——资金融通取得新进展
ငွေကြေးစီးဆင်းမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်သစ် ရရှိခြင်း။
2018年,在同云南发生跨境人民币结算的63个国家(地区)中,结算量最大的是缅甸,结算量为200多亿元人民币。2019年年8月,云南省首条对缅人民币汇款通道开通,滇缅双边贸易投资更加便利。
၂၀၁၈ ခုနှစ်တွင် ယူနန်ပြည်နယ်နှင့် နိုင်ငံဖြတ်ကျော်တရုတ်ငွေ (RMB) အသုံးပြုသော နိုင်ငံနှင့်ဒေသ (၆၃)ခုအနက် ငွေကြေးစီးဆင်းမှုအများဆုံးနိုင်ငံမှာမြန်မာနိုင်ငံဖြစ်ပြီး တရုတ်ငွေ ၂၀ ဘီလီယံကျော် ရှိပါသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လတွင်ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံသို့ ပထမဆုံး တရုတ်ငွေ(RMB) ငွေလွှဲလမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီးတရုတ်ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုသည် ပို၍ ချောမွေ့လာပါသည်။
设施联通 互来互往
အခြေခံအဆောက်အအုံ ချိတ်ဆက်ကာ အပြန်အလှန်အကောင်အထည်ဖော်ဆောင်ခြင်း
瞬间လျှပ်တပြတ်
▲▲2019年1月31日,云南德宏开通了从芒市飞往曼德勒的航线,10月27日开通了从芒市飞往仰光的航线。
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ယူနန်ပြည်နယ်တယ်ဟုန်ပြည်နယ်ခွဲသည် မန်စီမြို့မှ မန္တလေးမြို့သို့ပြေးဆွဲသော လေကြောင်းခရီးစဉ်ကိုစတင်ဖွင့်လှစ်ခဲ့သည်။ အောက်တိုဘာလ ၂၇ ရက်နေ့က မန်စီမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲသောလေကြောင်းခရီးစဉ်ကို ဖွင့်လှစ်ခဲ့သည်။
“中国距离缅甸最近的州市”之一形成
天天都有航线飞往缅甸的新格局。
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့်အနီးဆုံးသောပြည်နယ်ခွဲတွင် မြန်မာနိုင်ငံသို့ ပြေးဆွဲသော လေကြောင်းခရီးစဉ် နေ့စဥ်ရှိသည့် အခင်းအကျင်းသစ်တစ်ခု ဖြစ်ပေါ်လာပါသည်။
滇缅陆路互联条件也正在改善!
တရုတ်ယူနန်-မြန်မာ ကားလမ်းအပြန်အလှန်ချိတ်ဆက်ရန်အဆင့်မြှင့်တင်လျက်ရှိသည်။
▲▲缅甸木姐至曼德勒公路改扩建
မြန်မာနိုင်ငံ မူဆယ်မှ မန္တလေးကားလမ်းကို တိုးချဲ့တည်ဆောက်နေခြင်း။
2019年初,木姐—曼德勒铁路进入前期实地检测阶段。2019年12月30日,云南大理至瑞丽铁路怒江特大桥主体建成,中缅铁路的中国国内段建设也正快速推进。
၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် မူဆယ်-မန္တလေးရထားလမ်းကိုလက်တွေ့လေ့လာစူးစမ်းရန် ဆောင်ရွက်ပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့က ယူနန်တာ့လီမှရွှေလီ ရထားလမ်းကြောင်း လမ်းတစ်လျှောက်ရှိ နုကျမ်းမြစ်အကြီးစားတံတား၏ အဓိကကိုယ်ထည်ကိုတည်ဆောက်ပြီးစီးကာ တရုတ်-မြန်မာရထားလမ်း၏ တရုတ်ပြည်တွင်းပိုင်း တည်ဆောက်ရေးကို အရှိန်မြင့်စွာတွန်းတင်လျက်ရှိနေပါသည်။
▲▲中国章凤至缅甸八莫公路扩建等项目启动
တရုတ်နိုင်ငံကျန်ဖုန်မှ မြန်မာနိုင်ငံ ဗန်းမော်ကားလမ်း တိုးချဲ့တည် ဆောက်ရေးစီမံကိန်းကို စတင်ဆောင်ရွက်သည်။
▲▲临沧至清水河高速公路孟定国门段建成通车
လင်ချန်းမှ ချင်ရွှေဟို အမြန်ကားလမ်း မွန်တင့်လမ်းပိုင်း
တည်ဆောက်ပြီးစီးကာ ပြေးဆွဲနိုင်ခဲ့ပါသည်။
▲▲中缅油气管道项目
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း။
总长近800公里的中缅油气管道项目6年多来不仅为中缅两国提供了稳定安全的能源供给,也为居住在管道沿线的滇缅普通人的生活带来了改善。云南电网输送的电力帮助不少缅甸边境地区解决了用电问题。
စုစုပေါင်းအရှည် (၈၀၀)ကီလိုမီတာရှိသော တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် (၆)နှစ်ကြာဆောင်ရွက်လာသည်နှင့်အမျှ တရုတ်-မြန်မာနှစ်နိုင်ငံအတွက် တည်ငြိမ်လုံခြုံသော စွမ်းအင်ကို ထောက်ပံ့ပေးသည့်အပြင် ပိုက်လိုင်းလမ်းတစ်လျှောက်ရှိ တရုတ်ယူနန်-မြန်မာ ပြည်သူလူထုများ၏ နေထိုင်မှုဘဝကို ပြောင်းလဲပေးနိုင်ခဲ့သည်။ ယူနန်လျှပ်စစ်ကွန်ရက်မှ ပေးပို့သည့် လျှပ်စစ်ဓာတ်အားသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများစွာအား လျှပ်စစ်အသုံးပြုမှုပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။
跨境公路、铁路、航线等不断延伸、加密,
滇缅跨境立体交通网雏形初具。
能源、通讯网络的互联为滇缅合作的未来
打好了基础。
နိုင်ငံဖြတ်ကျော် ကားလမ်း၊ ရထားလမ်း၊လေကြောင်းလမ်း စသည်များ အဆက်မပြတ် တိုးချဲ့တည်ဆောက်နေသည့်အတွက် တရုတ်ယူနန်-မြန်မာ နိုင်ငံဖြတ်ကျော်သုံးဖက်မြင် လမ်းပန်းဆက်သွယ်ရေးကွန်ရက်၏ ပဏာမပုံသဏ္ဌာန်မှာ ပုံပေါ်လာပါသည်။ စွမ်းအင်၊သတင်းအချက်အလက် ဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်ရန် တရုတ်ယူနန်-မြန်မာတို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သောအုတ်မြစ်ချခဲ့သည်။
文化交流 美美与共
ယဉ်ကျေးမှုကူးလူးဖလှယ် အလှချင်းရယ်ပြိုင်
瞬间 လျှပ်တပြတ်
“这是缅甸有史以来最棒的晚会!”
“ဒါက မြန်မာနိုင်ငံမှာ အကောင်းဆုံး ဖျော်ဖြေပွဲကြီး ဖြစ်ပါတယ်။”
“这是邻居们送来的最美好的新春祝福。”
“ဒါက အိမ်နီးချင်းမိတ်ဆွေ ဆောင်ကြဉ်းလာတဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ဆုမွန်ပါ။”
——缅甸观众
မြန်မာနိုင်ငံပွဲကြည့်ပရိသတ်
2019年1月19日晚,“中缅情合家欢”2019中国缅甸新春联欢晚会在仰光惊艳亮相。
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် “တရုတ်-မြန်မာသံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” တရုတ်-မြန်မာ နှစ်သစ်ကူးနွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
由云南承办的中缅文化周系列文化交流活动在缅甸内比都、仰光、曼德勒等地刮起了“中国风”。
ယူနန်ပြည်နယ်မှ တာဝန်ယူဆောင်ရွက်ပေးသော တရုတ်-မြန်မာ ယဉ်ကျေးမှုသီတင်းပတ်အစီအစဉ်၏ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင်ကျင်းပပြုလုပ်ပြီး “တရုတ်စတိုင်”ရေပန်းစားလာသည်။
随着“一带一路”、中缅经济走廊建设的推进,滇缅文化交流呈现出多渠道、宽领域的新景象。
“ရပ်ဝန်းနှင့် ပိုးလမ်းမ”၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်ခြင်းကို တွန်းတင် ဆောင်ရွက်နေသည်နှင့်အညီ တရုတ်ယူနန်-မြန်မာယဉ်ကျေးမှုကူးလူးဖလှယ်ရေးသည် လမ်း ကြောင်းအမျိုးမျိုး၊ ကျယ်ပြန့်သောနယ်ပယ်အသီးသီး၌ ဖလှယ်နေသော မြင်ကွင်းအသစ် ဖြစ်ပေါ်လာပါသည်။
2019年,滇缅文化交流结出新成果
၂၀၁၉ ခုနှစ်တွင် တရုတ်ယူနန်–မြန်မာယဉ်ကျေးမှုကူးလူးဖလှယ်ရေး၌ အောင်သီးအောင်နှံအသစ်များ ရရှိပါသည်။
▲▲1月,云南日报报业集团缅语版脸书账号“魅力云南”正式上线,云南出版集团《汉缅大词典》首发;
ဇန်နဝါရီလတွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့၏ မြန်မာဘာသာဖြင့် Facebook အကောင့်ဖြစ်သော“ရှုဖွယ်စုံလင် ယူနန်တခွင်”ကိုတရားဝင်စတင်မိတ်ဆက်ပြီး၊ ယူနန်ပုံနှိပ်ထုတ်ဝေရေးအဖွဲ့မှ “တရုတ်-မြန်မာအဘိဓာန်”ကိုပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။
▲▲6月,由云南广播电视台与缅甸国家电视台联合摄制的纪录片《睦邻•缅甸》首播;
ဇွန်လတွင် ယူနန်ပြည်နယ် အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနနှင့် မြန်မာ့ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းရိုက်ကူးသော “ချစ်ခင်သင့်မြတ်သောအိမ်နီးချင်း–မြန်မာနိုင်ငံ”စတင်ထုတ်လွှင့်ခဲ့သည်။
▲▲11月15日,中缅媒体双城论坛2019(昆明)峰会举行,“缅中媒体联合发声、消除杂音,让缅中友谊世世代代地延续下去”成为共识;
နိုဝင်ဘာလ ၁၅ရက်နေ့တွင် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရိမ် (၂၀၁၉ခုနှစ်) ကူမင်းထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး “တရုတ်-မြန်မာမီဒီယာများပူးတွဲကာ သတင်းဖော်ပြ၍ မမှန်ကန်သောအကြောင်းကို ဖော်ထုတ်ဖယ်ရှားပြီး မြန်မာ-တရုတ် အစဉ်အလာချစ်ကြည်ရေးအား တည်တံ့ခိုင်မြဲစေရန် အတူတကွ လက်ဆင့်ကမ်းခြင်း”ဟူသည့် သဘောတူညီမှု ရရှိခဲ့ပါသည်။
▲▲胞波狂欢节已经成为中缅边境线上最盛大的节日之一;
ဆွေမျိုးပေါက်ဖော်ပျော်ပွဲသဘင်သည် တရုတ်-မြန်မာနယ်စပ်ဒေသ၏အခန့်ညားဆုံးပွဲတော်နေ့ထူးနေ့မြတ် ဖြစ်လာပါသည်။
▲▲目瑙纵歌节则把让生活在滇缅不同地方景颇族有了相聚的机会;
မနောအဆိုအက ပျော်ပွဲရွှင်ပွဲသည် တရုတ်ယူနန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်သော ဂျိမ်းဖောလူမျိုးအတွက် ဆုံဆည်းခွင့်ရရှိကြသည့်ပွဲတော်ဖြစ်ပါသည်။
▲▲还有中缅创新创业大赛聚集携手发展的新锐力量,中缅智库高端论坛汇聚两国智慧,共谋发展良策……
တရုတ်-မြန်မာ စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစွမ်းဆောင်မှုစွမ်းရည်ယှဉ်ပြိုင်ပွဲသည်လက်တွဲပြီးဖွံ့ဖြိုးတိုးတက်သောအင်အားသစ်ကို ဖြစ်စေပါသည်။ တရုတ်-မြန်မာပညာရှင်အဆင့်မြင့်ဖိုရိမ်သည် နှစ်နိုင်ငံဉာဏ်ပညာကို အတူတကွ ပေါင်းစည်းပြီးဘုံဖွံ့ဖြိုးတိုးတက်ရန် ဆွေးနွေးကြပါသည်။
教育也成为连通滇缅的重要纽带
ပညာရေးသည်လည်းတရုတ်ယူနန်–မြန်မာဆက်သွယ်ရန်အရေးကြီးသောတံတား ဖြစ်ပါသည်။
2018年缅甸在云南省高校就读学生人数为3499人,目前在云南就读中小学及职业教育的缅甸籍学生人数达到7881人。
၂၀၁၈ ခုနှစ် ယူနန်ပြည်နယ် အဆင့်မြင့်တက္ကသိုလ်ကျောင်းတွင် မြန်မာနိုင်ငံမှပညာတော်သင် ကျောင်းသူကျောင်းသားဦးရေ ၃၄၉၉ ဦးရှိပြီး မူလတန်းကျောင်း၊အလယ်တန်းကျောင်း၊အထက်တန်းကျောင်းနှင့် အသက်မွေးဝမ်းပညာသင်ကျောင်းတွင် ပညာသင်နေသည့် မြန်မာကျောင်းသူကျောင်းသား၇၈၈၁ဦးရှိပါသည်။
云南省共有82所对缅开放的国门学校,众多缅甸籍学生跨境来到云南边境州市的中小学校就读,骑着自行车穿越国境到云南上学成为一道风景。
ယူနန်ပြည်နယ်တွင် မြန်မာနိုင်ငံအတွက် ဖွင့်လှစ်ထားသော နယ်စပ်စာသင်ကျောင်းသည် (၈၂) ကျောင်း ရှိပြီး မြန်မာကျောင်းသူကျောင်းသားများသည် နယ်စပ်ဖြတ်ကျော်၍ ယူနန်ပြည်နယ်နယ်စပ်ဒေသရှိ ပြည်နယ်ခွဲ နှင့် မြို့ပြမှ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း၌ ပညာလေ့လာဆည်းပူးကြပါသည်။ စက်ဘီးစီးပြီး နယ်စပ်ဖြတ်ကျော်၍ ယူနန်တွင် ပညာလာရောက်သင်ယူသည့် မြင်ကွင်းသည် သာယာလှသောရှုခင်းအလှပင် ဖြစ်နေပါသည်။
心心相印 守望相助
နှလုံးသားချင်းနီးစပ်ကာ အတူတူဝိုင်းဝန်းကူညီခြင်း
瞬间 လျှပ်တပြတ်
“路修好了,路灯也亮了,我们村庄发生了很大改变,越来越有发展活力。”
“လမ်းခင်းထားပြီ။ လမ်းမီးလည်းလင်းလာတယ်။ ကျွန်မတို့ရွာက တော်တော်များများ ပြောင်းလဲလာပါတယ်။ တစ်နေ့ထက်တစ်နေ့ရှင်သန်ဖွံ့ဖြိုးလာပါတယ်။”
——缅甸内比都达贡镇埃羌达村 杜钦秋
မြန်မာနိုင်ငံ နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာကျေးရွာမှ ဒေါ်ခင်ချို
杜钦秋手指着远处的诊所、图书馆、学校……眼里充满了希望和感激。
ဝေးလံသောနေရာက ဆေးခန်း၊စာကြည့်တိုက်၊စာသင်ကျောင်းစသည်တို့ကိုလက်ထိုးပြနေသော ဒေါ်ခင်ချိုသည် မျက်လုံးတွင် မျှော်လင့်ချက်နှင့် ကျေးဇူးတင်ရှိခြင်းတို့ဖြင့် ပြည့်လျှံနေပါသည်။
埃羌达村减贫示范合作项目
是由云南省国际扶贫与发展中心负责实施的
中国援助缅甸减贫示范合作项目之一。
အေးချမ်းသာကျေးရွာ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်ရေးစံပြစီမံကိန်းသည် ယူနန်ပြည်နယ်အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ တာဝန်ယူဆောင်ရွက်သော တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသည့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်ရေးစံပြစီမံကိန်းတစ်ခု ဖြစ်ပါသည်။
2018年1月实施以来,中国“整村推进”扶贫开发模式和精准扶贫经验为基础,在缅甸两个村庄完善基础设施配套,发展种植、养殖及手工加工业等产业,组织技能培训,成立农民合作组织,极大地改善了当地村民的生活,提振了他们发展的信心。
၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစတင်လုပ်ဆောင်ပြီး တရုတ်နိုင်ငံ၏ “တစ်ရွာလုံးကို အဆင့်မြှင့်တင်ခြင်း”ဖြစ်သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပုံစံနှင့် မှန်ကန်တိကျစွာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွေ့အကြုံများပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ ကျေးရွာ၂ ရွာတွင် အခြေခံအဆောက်အဦးကို ပြုပြင်တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုအချောကိုင်လုပ်ငန်းစသည့် လုပ်ငန်းကိုဖွံ့ဖြိုးစေခြင်း၊ လက်မှုကျွမ်းကျင်မှုပညာပို့ချပေးခြင်း၊ လယ်သမားသမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ဒေသခံရွာသူရွာသားများ၏ဘဝကို များစွာတိုးတက်စေပြီး ဖွံဖြိုးမှုအပေါ် ယုံကြည်ချက်ကို တိုးမြှင့်ပေးနိုင်ခဲ့ပါသည်။
“项目不仅改变了我们的生活质量,还开拓了我们的眼界,让我们更加有发展的信心。” 杜钦秋说出了村民共同的心声。
“စီမံကိန်းက ကျွန်မတို့ ဘဝနေထိုင်မှုအရည်အသွေး မြင့်မားလာရုံသာမက မျက်စိပွင့်နားပွင့်စေခဲ့တယ်။ ကျွန်မတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်စိတ် ပိုပြိး ရှိလာပါတယ်။”ဟု ဒေါ်ခင်ချိုက ရွာသာရွာသားများတို့ တူညီသော မျှော်မှန်းချက်ကို ပြောပြသည်။
减贫合作是滇缅守望相助的一个生动写照,
而还有更多胞波情深的故事值得记录。
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ယူနန်-မြန်မာ အတူဝိုင်းဝန်းကူညီရာတွင် အသက်ဝင်သော မြင်ကွင်းတစ်ခုဖြစ်ပြီး အခြားသော ချစ်ခင်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်များစွာ မှတ်တမ်းတင်ရန် လိုအပ်သည်။
2018年以来,由云南省阜外心血管病医院组织的“‘一带一路•胞波情’先心病儿童救助行动”,帮助缅甸患儿接受免费手术治疗。2016年至今,云南医疗队已为缅甸1800多名白内障患者成功实施了手术,为他们带去了光明。
၂၀၁၈ ခုနှစ် မှစ၍ ယူနန်ဖူဝိုင့်နှလုံးသွေးကြောရောဂါဆေးရုံသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ–ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး’ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ် ကူညီကုသပေးခြင်းလှုပ်ရှားမှု”ကို ဖွဲ့စည်းလုပ်ဆောင်ပြီး မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးငယ်အတွက် အခမဲ့ကုသပေးပါသည်။ ၂၀၁၆ ခုနှစ်မှစပြီး ယခုချိန်အထိ ယူနန်ပြည်နယ်ဆေးကုသရေးအဖွဲ့သည် မြန်မာနိုင်ငံမှ မျက်စိအတွင်းတိမ်ရောဂါဝေဒနာရှင် ၁၈၀ဝ ကျော်အတွက်ခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ပေးပြီး ၎င်းတို့အား အလင်းရောင်ပေးနိုင်ခဲ့ပါသည်။
孟连口岸了开辟“阳光早市”通道,为边民提前开放通关服务。“提前通关,意味着我们的新鲜蔬菜能卖出更高的价钱,尤其是水产品。”缅甸边民李妹说。
မွန်လျန်နယ်စပ်ဂိတ်သည် “နေရောင်ခြည်နံနက်စျေး”ကိုဖွင့်လှစ်ပေးခဲ့သည်။ နယ်စပ်ဒေသနေ ပြည်သူလူထုအတွက် အခွန်ရှင်းလင်းရေးဝန်ဆောင်မှုကို ကြိုတင်ဖွင့်လှစ်ရန် ဖြစ် သည်။“အခွန်ရှင်းလင်းမှု ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်တော့ ကျွန်မတို့ရဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်ကို စျေးကောင်းကောင်းနဲ့ ရောင်းလို့ရမယ်။အထူးသဖြင့် ရေထွက်ပစ္စည်းပါ”ဟု မြန်မာနယ်စပ်နေ လီမေက ပြောပြသည်။
心手相牵、守望相助
ကိုယ်စိတ်နှလုံးယှဉ် ဝိုင်းဝန်းကူညီသည်။
滇缅友谊书写在几千年的血脉、文缘的相通中,书写在近2000公里边境线上的每一次往来里,书写在每一个友好合作项目的推进上。
တရုတ်ယူနန်-မြန်မာ ချစ်ကြည်ရေးသည် ထောင်နှင့်ချီသော သမိုင်းရာဇဝင်ရှိပြီး သွေးကြောနှင့်ယဉ်ကျေးမှုတို့ဖြင့် ရေးထိုးထားပါသည်။ ကီလိုမီတာ ၂၀၀၀ ကျော်ရှိသော နယ်စပ်မျဉ်းရှိအကြိမ်ကြိမ် သွားလာမှုဖြင့် ရေးထိုးထားပါသည်။ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် မြှင့်တင်ခြင်းဖြင့် ရေးထိုးထားပါသည်။
面向未来,云南与缅甸
胞波命运紧密相连,
心灵更加贴近。
အနာဂတ်ကို ရင်ဆိုင်ရာတွင် တရုတ်ယူနန်–မြန်မာသည် ဆွေမျိုးပေါက်ဖော်ကံကြမ္မာတူ ရင်းနှီးသော ဆက်နွယ်မှုရှိနေပြီး ကိုယ်စိတ်နှလုံး ပိုမို နီးကပ်နေကြပါသည်။
记者:杨燕 张莹琳 张若谷 朱东然 祖红兵 左耶昂 刘周
Modified on 2020-01-09
转载请注明:《快讯!习主席将于1月17日至18日对缅甸进行国事访问 @云南人 来一起回望滇缅合作的高光时刻!(中文,缅文)》 复制链接
RSS