仰光市中心的佑玛中央酒店和住宅项目的数百名违筑工人今天(1月19日)在该项目工地前抗议,要求全薪和全部社会保障福利。
罢工从下午1点开始,一直持续到下午3:30,工人和有关负责人员进行了谈判,该项目拥有3.000多名员工。抗议者封锁了BOGYOKE(翁山将军)路。
ရန်ကုန်မြို့လယ်တွင် ရာနှင့်ချီသောဆောက်လုပ်ရေးလုပ်သားများ ဆန္ဒပြနေ
By ထွန်းထွန်းမင်း on Tuesday, January 19, 2021 – 15:49
ဓာတ်ပုံ – လင်းဘိုဘို(အီးပီအေ)
ရန်ကုန်မြို့လယ်ရှိ Yoma Central ဟိုတယ်နှင့်အိမ်ရာစီမံကိန်းမှ ရာနှင့်ချီသောဆောက်လုပ်ရေး လုပ်သားများသည် လုပ်ခလစာအပြည့်အဝရရှိရန်နှင့် လူမှုဖူလုံရေးခံစားခွင့်အပြည့်ရရှိရန်ဟုဆိုကာ ယနေ့(ဇန်နဝါရီ ၁၉ရက်)တွင် အဆိုပါစီမံကိန်းရှေ့၌ ဆန္ဒပြတောင်းဆိုနေသည်။
Local News | ကျောက်မဲတွင် မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦး ဒဏ်ရာရ
Advertorial | မြန်မာနိုင်ငံ၏ Cashless အသုံးပြုမှုကို အရှိန်မြှင့်တင်ခြင်း
ဆန္ဒပြတောင်းဆိုမှုကို နေ့လယ် ၁နာရီက စတင်ခဲ့ပြီး ညနေ ၃နာရီခွဲအထိ အလုပ်သမားများနှင့် တာဝန်ရှိသူများ ညှိနှိုင်းနေသည်။ အဆိုပါစီမံကိန်းတွင် လုပ်သားအင်အား သုံးထောင်ကျော်ရှိသည်။ ဆန္ဒပြအလုပ်သမားများက ဗိုလ်ချုပ်လမ်းကိုပိတ်ဆို့ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
“လုပ်ခလစာလည်းအပြည့်မရဘူး။ ကိုဗစ်ကာလမှာ အစိုးရကနှစ်ကြိမ်ပေးတဲ့ လူမှုဖူလုံရေးကြေးလည်းမရသေးဘူး”ဟု ဆန္ဒပြအလုပ်သမား ကိုလင်းလင်းထွန်းက ပြောသည်။
ထိုစီမံကိန်းကို ပြည်တွင်းမှ FMI ကုမ္ပဏီနှင့် ဟောင်ကောင်အခြေစိုက် Peninsula တို့က အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
Sports | သြစတြေးလျအိုးပင်းတင်းကျပ်သော COVID-19 စည်းကမ်းများကို နာဒယ်နှင့် ဆီရီနာထောက်ခံ
Local News | ဇန်နဝါရီလအတွက် မီတာယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြု
转载请注明:《仰光市中心数百名建筑工人罢工ရန်ကုန်မြို့လယ်တွင် ရာနှင့်ချီသောဆောက်လုပ်ရေးလုပ်သားများ ဆန္ဒပြနေ(中缅双语)(曹润盛供稿)》 复制链接
RSS