အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ− NCA-S EAO) 政府与NCA签署民武十派代表正在开会。
၂၁ ရာစုပင်လုံညီလာခံ ရလဒ်အတွက် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့အကြား သဘောတူညီချက်များ တိုးတက်ရရှိ
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)စာချုပ်မူကြမ်းရေးဆွဲမည်
By .အောင်ဇော်ထွန်း on Sunday, July 5, 2020 – 00:36
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပရေးအတွက် အစိုးရနှင့်ညှိနှိုင်းရာတွင် သဘောတူညီချက်များတိုးတက်ရရှိခဲ့ကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ပအိုဝ်းအဖွဲ့ (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။
အစိုးရနှင့် NCA လက်မှတ် ထိုးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ကိုယ်စားလှယ်များ သည် ရန်ကုန်မြို့၌ ဇူလိုင် ၂ရက်မှ ၄ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့ သည်။ COVID-19 ကာလ ခရီး သွားလာရေး အခက်အခဲရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် အွန် လိုင်းမှ ပါဝင်ဆွေးနွေးခဲ့သည်။
နှစ်ဖက် အလုပ်အဖွဲ့အဆင့် ဆွေးနွေးရာတွင် ပြည်ထောင်စုသ ဘောတူစာချုပ် အစိတ်အပိုင်း(၃) ၌ ထည့်သွင်းချုပ်ဆိုမည့် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်နှင့်ပတ်သက်၍ အချက် ၁၁ ချက် သဘောထားစုစည်းနိုင်ခဲ့ ပြီးအချို့အချက်ကို ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်းခွန်မြင့် ထွန်းကပြောသည်။
၂၀၂၀ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့် လိုက် အကောင်အထည်ဖော်မှု များနှင့်ပတ်သက်ပြီး ဆွေးနွေးရ မည့် အကြောင်းအရာ ခေါင်းစဉ် ရှစ်ခုလုံးကို သဘောထားစုစည်း နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
‘‘အခြေခံမူနဲ့ ပတ်သက်လို့ ရှိရင် ဆွေးနွေးမှုတွေပိုပြီးနီးစပ် လာပြီးတော့မှ တချို့စကားလုံး တစ်လုံးနှစ်လုံး အသုံးအနှုန်းတွေ လောက်ညှိပြီးရင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားတဲ့ ဖက်ဒရယ် တည်ဆောက်ရေးအ ခြေခံမူတွေ တော်တော်များများ သဘောတူညီချက်ရဖို့တော့ ရှိပါ တယ်’’ဟု ခွန်မြင့်ထွန်းကပြော သည်။
အပစ်ရပ် ၁၀ ဖွဲ့ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၃) ပုံသဏ္ဌာန်(Format)ကို ရေး ဆွဲရန် စာချုပ်မူကြမ်းရေးဆွဲရေး အဖွဲ့ကို ဖွဲ့စည်းပြီး ကြိုတင်ပြင် ဆင်ရေးဆွဲသွားနိုင်ရေး ဆွေးနွေး နိုင်ခဲ့ကြောင်းပြောသည်။ ယင်း အစိတ်အပိုင်း(၃)တွင် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ မူ ဘောင်၊ ၂၀၂၀ အလွန်အဆင့် လိုက် ရှေ့လုပ်ငန်းစဉ်နှင့် အဆင့် လိုက် အကောင်အထည်ဖော်မှု ကိစ္စ၊ ဖက်ဒရယ်ဆိုင်ရာအခြေခံမူ များ စသည်တို့ ထည့်သွင်းချုပ်ဆို မည်ဖြစ်သည်။
‘‘စာချုပ်မူကြမ်း ရေးဆွဲရေး ကတော့ EAO ဘက်ကတော့ ဖွဲ့ ထားတယ်။ ငါးဦးနဲ့။ အစိုးရဘက် ကလည်း သင့်တော်တဲ့ လူတွေနဲ့ ဒီမူကြမ်းရေးတဲ့အဆင့်က ဒီဖြစ် စဉ်ထဲမှာပါသွားမှာပဲ’’ဟု ခွန်မြင့် ထွန်းက ပြောသည်။
အစိုးရအနေဖြင့် အပစ်ရပ် ၁၀ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့မှ ကိုယ်စားလှယ်ကိုးဦးပါသည့် အဖွဲ့ဖွဲ့စည်းထားပြီး ယင်းအဖွဲ့ ကပင် ဆက်လက်ညှိနှိုင်းမည်ဖြစ် သည်။
အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ သည် ဩဂုတ်ဒုတိယပတ်တွင်ပြု လုပ်မည့် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေးဆိုင်ရာများကိုလည်း ဆွေးနွေညှိနှိုင်းခဲ့ကြောင်း၊ ညီလာ ခံမတိုင်မီ ရန်ကုန်နှင့်နေပြည် တော်တွင် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များ ဆက်လုပ်သွား မည်ဖြစ်ကြောင်း အစိုးရဆွေးနွေး ရေးကိုယ်စားလှယ် ဦးလှမောင် ရွှေက ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။
အစိုးရနှင့် NCA လက်မှတ် ထိုး ၁၀ ဖွဲ့သည် ၎င်းတို့အကြား ဆွေးနွေးညှိနှိုင်းမှု ရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စား လှယ်များအား အွန်လိုင်းမှတစ် ဆင့် ယမန်နေ့(ဇူလိုင် ၄ရက်) ည နေပိုင်းက ရှင်းပြခဲ့သည်။ ယင်းသို့ ရှင်းပြချက်များနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စား လှယ်များကလည်း သဘောတူညီ ကြကြောင်း UPDJC နိုင်ငံရေး ပါတီအစုအဖွဲ့ ကိုယ်စားလှယ် တာလှဖေက ပြောသည်။
《7天新闻》廾一世纪彬弄会议的收获,政府……(曹润盛供稿)
廾一世纪为彬弄会议所莸协同,政府与签署停火十派民武组之间,得到增更多的共识。
联邦共识协议细则(三),协议书初稿亦将拟写。
为举行缅甸联邦和平会议廾一世纪彬弄会议,政府与各民武协商结果,得到了多项共同的认识,NCA停火签署民武<巴奥>组织(PNLO)副主席昆敏吞说。
政府与NCA签署停火的十个民武组织的代表,七月二日至四日在仰光会晤,COVID_19期间,来往比较困难,民武代表只能在线上进行讨论。
双方工作组阶层协高中,联邦共识协议(三),要同时进行签署的,NCA的工作流程的十一条规则,得到了共识。其他事项也再进行讨论协调。昆敏吞说。
二0二0年期间,各阶层的前瞻工作计划,按阶段施行的工作,得到了八个议题的概括。他说。
<关于基本法的事,双方认识更为接近,协议文件只须在一两个字和一两句用语稍为进行纠正,就会和国家顾问们的指示相合,可能对联邦组织基本法得到同意。>昆敏告说。
停火签署十个民式的领头人,上校赛营说,联邦协议(三)的细则的依据(Format)草稿,要组织一个草稿拟写小组,提前草拟文本,也得到了充分的讨论。这文件(三)细则,NCA提出的高议条件,二0二O期前瞻工作计划和层层实施的事情,有关<北得耶>的基本法等都恃一揽子进行签署。
<协议文本的草稿书写,EAO方面已委派了五人。
政府方面也会委派适当的人,参与拟写这份文本,参加到这工作中。>昆敏吞说。
政府方面要和签署停火的十个民武进行协商,政府,议会,军部,已组织了代表团,这代表团将执行各项协商工作的运作。
政府与签署停火十家民武,将在八月笫二周举行的笫二次廾一世纪彬弄会议有关的筹备事项,也进行了讨论。彬弄大会未召开前,将继续在仰光和尼卑都首都,协商工作将会继续进行。政府协商代表宇纳貌瑞在他的脸书上发表过。
政府和NCA签署级十个民武组织之间,得到的协商结果,联邦政府和平协商联席委员会,(UPDJC),各政党组织代表,从网络上今天(七月四日)午后给予解释通告。根据这解释通告,各政党组织代表也表示同意,UPDJC各政党代表达纳帕说。
转载请注明:《《缅/中对照》[7 Day News | ၂၁ ရာစုပင်လုံညီလာခံ ရလဒ်အတွက် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့အကြား သဘောတူညီချက်များ တိုးတက်ရရှိ :《7天新闻》廾一世纪彬弄会议的收获,政府……(曹润盛供稿)》 复制链接
RSS