နောင်ခြောက်လအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းထက်ဝက်ကျော် ပိတ်သိမ်းရမည့်အခြေအနေရှိဟု ဒုဝန်ကြီးပြော
By မြင့်ကျော်လှိုင် on Thursday, July 16, 2020 – 01:30
ဟိုတယ်လုပ်ငန်း၏ တစ်ဝက်ခန့်နှင့် ခရီးသွားလုပ်ငန်း တစ်ဝက်ကျော်သည် လာမည့် ခြောက်လအတွင်း တောင့်ခံနိုင် ခြင်းမရှိဘဲ ပိတ်သိမ်းရမည့်အခြေ အနေသို့ ရောက်ရှိနေသည်ဟုဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးတင် လတ်က ပြောသည်။
ဇူလိုင်လ ပထမပတ်အတွင်း ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေးတွင် ၎င်း ကအထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
စီးပွားရေးအပေါ် သက် ရောက်မှုများကြောင့် Consum-ing Power လျော့နည်းသွားမည် ဖြစ်၍ ပြည်တွင်းခရီးသွားများ ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းများ၏ ဈေးကွက်ရရှိမှုမှာ လည်း ၃၀ ရာခိုင်နှုန်းဝန်းကျင် သာရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းကပြောသည်။
ယခု အခြေအနေအတိုင်း ဆက်သွားမည်ဆိုလျှင် ဟိုတယ် လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်းခန့်နှင့် ခရီးသွားလုပ်ငန်းများ၏ ၇၀ ရာ ခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်သည် နောင်ခြောက်လ တောင့်မခံနိုင် ဘဲ ပိတ်သိမ်းသွားမည့်အနေအ ထားဟု ယူဆရကြောင်း ဒုဝန်ကြီး ကပြောသည်။
ယခုကဲ့သို့ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းများ ပိတ်သိမ်းရပါ က တိုက်ရိုက်အလုပ်ပေးထားသူ ခုနစ်သောင်းခွဲခန့်နှင့် ဆက်စပ် အလုပ်အကိုင်ရရှိထားသူ ခုနစ် သောင်းခွဲခန့်အပြင် ၎င်းတို့အပေါ်မှီခိုနေသည့်မိသားစုဝင်များအပေါ် သက်ရောက်မှုများရှိလာ မည်ဟု ဆိုသည် ။
ပြည်ပခရီးသွားလုပ်ငန်း သည် ပုံမှန်အားဖြင့် ခရီးသွားလာ ခြင်းကို ခြောက်လကြိုတင်ပြင် ဆင်လေ့ရှိသည့်အတွက် ဟိုတယ် လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း များသည် ပြည်ပခရီးသွားများ ဘွတ်ခ်ကင် စတင်လက်ခံနိုင်ခြင်း ရှိခဲ့ပါကလည်း ခြောက်လကြာ ကာလအတွင်း ပြည်တွင်းခရီး သွားကိုသာ ဆက်လက်မှီခိုရမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ပြော သည်။ ယင်းသို့ ထိခိုက်မှုသက်သာ စေရန် COVID-19 ဆိုင်ရာ မြန်မာ့ခရီးသွားလုပ်ငန်းကုစားမှုအစီအစဉ်နှင့်အညီ လိုအပ်သည့်ကုစားမှုများပြုလုပ်ပေးနိုင်ရေး ဆက် စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေ ထွေအတွင်းရေးမှူး ဦးမင်းကျော် ဦးက ‘‘ရောဂါကူးစက်ပြန့်ပွားတဲ့ နှုန်းပေါ်မှာ မူတည်တာပါတယ်။ လျော့ပါးသွားရင်တော့ အဆင် ပြေလာမယ်။ ဒီလိုမှမဟုတ်ဘဲ Second Wave ၊ Third Wave တွေ ဖြစ်လာရင်တော့ ကြုံလာနိုင် (ဟိုတယ်ပိတ်သိမ်းခြင်း) တာ ပေါ့။ အခုချိန်ကတော့ ဟိုတယ် တွေပိတ်လိုက်ရတာမရှိသေးဘူး။ ပြည်တွင်းခရီးသွားတွေနဲ့ ပြန် လည်ပတ်နေတယ်’’ ဟု ပြော သည်။
【七天新闻】再过六个月,酒店和旅游业,可能会有半数以上,将有倒闭的可能。付部长说。
(敏叫奈七月十六日二0二01:30报导。)曹润盛供稿。
旅馆的一半与旅游业者一半以上,将会於要来的六个月期间,无法坚持营业,旅館(酒店)旅游业部门付部长宇阵纳这么说。
七月笫一周举行的民族旅游业繁荣促进委员会中央委员会议上,他发表了如上的讲话。
对经济造成的影响,Consum-ing Power 減少的原因,国内旅游与酒店的市场,约将只会剩有百份之3o%。会议做了做这样的估计。
如果按照现有的情况继续下去,旅馆业的百份之五十及旅游业的百份之七十或八十,会在六个月后停业,付部长这么说。
如像现在的情况,旅游业与旅馆停业的话,对与之关联的职工七万半和周边关系业者七万半外,依靠他们生活的家属,会有很大的影响。
国际线旅游业一般旅程需要六个月的安排,旅館与旅游业者,可以预先接受,六个月期间就要依靠国內旅游的支撑,付部长说。为減轻这样的亏损,将与有关CCVID-19的疫情防控方面,对缅甸旅游业的预防医治,能给予须要的预防方案,与有关部门联合协商进行。
缅甸旅館业业主协会秘书长宇敏叫宇说: <以新冠病毒传播的情况为基础,情况得到缓解,一切都会顺利,不是如此,Second Wave ၊ Third Wave 来的话,可能(旅馆倒闭),现在还没有听说有关闭的旅馆,就依靠着国內旅客运转。>。
(丘文译)
RSS