7Day News | ကိုဗစ်ကြောင့် ယခုဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး တိုးတက်နှုန်း ၂ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ |
世界银行估计,本财政年度,科维斯疫情将使缅甸经济仅增长2%。
贫穷率可能达到27%,460万人将生活在贫困中。
据世界银行估计,由于笫二波科维斯疫情浪潮,缅甸的经济塘长将在2020-21财年(2020年10月至2021年9月)将会放缓至2%,其中460万人生活在贫困环境中。
世界银行在12月16日发佈了一份报告,题为:第二波科维斯疫倩浪潮对缅甸绎济产生了毁灭性影响。(下面为缅文原稿。)
ကိုဗစ်ကြောင့် ယခုဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး တိုးတက်နှုန်း ၂ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
ဆင်းရဲနွမ်းပါးမှုနှုန်း ၂၇ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး လူဦးရေ ၄ ဒသမ ၆ သန်း ပိုမိုဆင်းရဲလာမည်ဟုဆို
By ထွန်းထွန်းမင်း on Thursday, December 17, 2020 – 00:35
ကိုဗစ်ဒုတိယလှိုင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်(၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ စက်တင်ဘာအထိ) တွင် ၂ ရာခိုင်နှုန်းသာရှိမည်ဖြစ်ပြီး လူဦးရေ ၄ ဒသမ ၆ သန်းပိုမို ဆင်းရဲနွမ်းပါးသွားဖွယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်သည်။
‘‘ကိုဗစ် ဒုတိယလှိုင်းက မြန် မာ့စီးပွားရေးကို ပြင်းထန်စွာ သက်ရောက်မူရှိခဲ့သည်’’ ဟု ခေါင်းစဉ်ပေးထားသည့် မြန်မာ့စီး ပွားရေးစောင့်ကြည်ရေးအစီရင်ခံ စာတွင် ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
Local News | လက်ရွေးစင်ဖူဆယ်အသင်း ပဏာမကစားသမား ၃၀ ကျော်ဖြင့် လေ့ကျင့်ရန် စီစဉ်
Advertorial | AMPA နှင့် Power ပိုင်းဆိုင်ရာ ဒီဂျစ်တယ်ပြပွဲကြီး ယနေ့စတင်ပြသနေပါပြီ။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုး တက်နှုန်းသည် ပြီးခဲ့သည့် ဘဏ္ဍာ နှစ်၂၀၁၉-၂၀၂၀ (၂၀၁၉ အောက်တိုဘာမှ ၂၀၂၀ စက်တင် ဘာ)တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ မူလက ကိုဗစ်ကြောင့် စီးပွားရေး တိုးတက်နှုန်းသည် ၀ ဒသမ ၅ ရာ ခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းခဲ့ သော်လည်း အစိုးရ၏ တုံ့ပြန့်မှု ကောင်းမွန်သောကြောင့် ၁ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည် ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
သို့သော် ကိုဗစ် ဒုတိယလှိုင်း ကြောင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်း ပါးမှုနှုန်းသည် ပိုမိုမြင့်တက်လာ ပြီး ၂၀၂၀-၂၁ ခုနှစ်တွင် ၂၇ ရာ ခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်း သည်။ ထိုနှုန်းသည် ကိုဗစ်မဖြစ်ခဲ့ ပါက ခန့်မှန်းခဲ့သည့် ဆင်းရဲနွမ်း ပါးမှုနှုန်း ၁၇ ရာခိုင်နှုန်းထက် ၁၀ ရာခိုင်နှုန်းပိုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လူဦးရေ ၄ ဒသမ ၆ သန်းပိုမိုဆင်းရဲလာမည် ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ မြန် မာနိုင်ငံ လူဦးရေ ၅၄ သန်းကျော် ရှိ၍ ၂၇ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါး သူ ရှိသည်ဆိုခြင်းမှာ လူဦးရေ ၁၄ သန်းကျော် ဆင်းရဲနွမ်းပါးခြင်းဖြစ် သည်။
ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၂၂ ဒသမ ၄ ရာ ခိုင်နှုန်းရှိခဲ့သည်။ ကို ဗစ်မဖြစ်ခဲ့ပါက ဆင်းရဲနွမ်းမှုနှုန်း သည် မူလအခြေအနေသို့ ပြန် လည်ရောက်ရှိနိုင်မည့် အစော ဆုံးကာလကို ၂၀၂၁-၂၂ ဘဏ္ဍာ နှစ်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား သည်။
‘‘၄ ဒသမ ၆ သန်းပိုပြီးတော့ ဆင်းရဲသွားတာ ဒါက ကိုဗစ်မဖြစ် ခင်နဲ့ ကိုဗစ်ရှိတဲ့နောက်ပိုင်းကို နှိုင်းယှဉ်ခဲ့တာပါ’’ ဟု ကမ္ဘာ့ဘဏ် (မြန်မာ) ဦးဆောင်စီးပွားရေး ပညာရှင် Hans Anad Beck က ပြောသည်။
ကိုဗစ်ပထမလှိုင်းအပြီးတွင် ဆင်းရဲသားအိမ်ထောင်စုများ သည် ထိခိုက်မှုသက်သာစေရန် နေ့စဉ်စားသုံးမှု အစားအသောက်များကိုလျှော့ချခဲ့ရသည်ဟု ကမ္ဘာ့ ဘဏ်ကဆိုသည်။ ကိုဗစ်ပထမ လှိုင်းနှင့် ဒုတိယလှိုင်းကြားတွင် ဩဂုတ်လတွင် အိမ်ထောင်စုများ သည် ချေးယူထားသည့် ကြွေးမြီ များကို ပြန်ဆပ်ရန် အခက်အခဲ တွေ့ရသည်ဟုလည်း ဆိုသည်။ ကိုဗစ်ဒုတိယလှိုင်းထိန်းချုပ်မှုများ ကြောင့် အိမ်ထောင်စုများသည် ဆင်းရဲမွဲတေမှုကို ရောက်ရှိစေ သည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
ရန်ကုန်တွင်ကောက်ယူခဲ့ရ သည့် စစ်တမ်းအရ ကိုဗစ်ဒုတိယ လှိုင်းကြောင့် စီးပွားရေးထက်ဝက် ခန့်သည် အောက်တိုဘာတွင် ရပ်ဆိုင်းခဲ့သည်။ ဖြေဆိုသူ ၃၅ ရာခိုင်နှုန်းက လာမည့် သုံးလအ တွင်း လုပ်ငန်းများပြန်လည်မဖွင့် နိုင်မည်ကို စိုးရိမ်ကြသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ၏ ဌာနေကိုယ်စားလှယ် မာရီ ယမ်ရှာမန်က ‘‘မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကို အထောက်အကူပြု ဖို့နဲ့ ဆင်းရဲမွဲတေမှုမြင့်တက်လာ ခြင်းကို လျှော့ချဖို့ COVID-19 တုံ့ပြန်မှုဆိုင်ရာ စီမံချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အ ထည်ဖော်သင့်တယ်၊ ကာလတို မှာ အစိုးရက ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုကို လျှော့ချရေး၊ ဆင်း ရဲသူများနဲ့အားနည်းတဲ့ အုပ်စုများ သက်သာချောင်ချိရေးနဲ့ အစား အစာလုံလောက်စွာ ရရှိစေရေး စီးပွားရေးလုပ်ငန်းဆောင်တာ များကို ပံ့ပိုးပေးနိုင်ရေးတို့ကို အ လေးထား လုပ်ဆောင်သင့်ပါ တယ်’’ဟု အကြံပြုသည်။
ကိုဗစ်ကာလအတွင်းမြန်မာ အစိုးရ၏ စီးပွားရေးတုံ့ပြန်ချက် များနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ် (မြန်မာ) ဦးဆောင်စီးပွားရေး ပညာရှင် Hans Anad Beck က ‘‘မြန်မာနိုင်ငံအစိုးရအနေနဲ့ လုပ် နေတာကို အခြားနိုင်ငံအစိုးရတွေ လုပ်နေတာနဲ့ နှိုင်းယှဉ်ပြီးပြောရ ရင် ကောင်းမွန်တဲ့ လုပ်ရပ်တွေ လုပ်နေပါတယ်လို့ ပြောလို့ရပါ တယ်’’ ဟု ပြောသည်။
ကမ္ဘာ့ဘဏ်က ကိုဗစ်ကာလ တွင် ငွေကြေးထောက်ပံ့မှု၊ စီး ပွားရေးလုပ်ငန်းများကို ချေးငွေ ထုတ်ပေးခြင်းနှင့် အခြားကူညီ ထောက်ပံ့ရေးလုပ်ငန်းများကို အ စိုးရက လုပ်ဆောင်ခြင်းသည် ကောင်းမွန်သည်ဟု မှတ်ချက်ပေး သည်။ သို့သော် ရလဒ်ကောင်း များ ရှိလာခြင်း ရှိ၊မရှိကို စောင့် ကြည့်ရဦးမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ရေးအတွက် အဓိကကျ သည့်လုပ်ငန်းများ လည်ပတ် သည့်ကာလဖြစ်သော ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ကိုဗစ်ထိန်း ချုပ်မှုများကြောင့် လုပ်ငန်းများ သိသိသာသာထိခိုက်ခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်ဆိုသည်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ် ၂၀၂၀-၂၁ တွင် စီးပွားရေးတိုး တက်မှုနှုန်းနှေးကွေးပြီး ၂ ရာခိုင် နှုန်းသာရှိမည်ဟုဆိုသည်။ သို့ သော်လည်း ကာလလတ်စီးပွား ရေးတိုးတက်မှု မျှော်မှန်းချက်မှာ အကောင်းဘက်တွင် ရှိနေဆဲဖြစ် သည်ဟု ဆိုသည်။
ကုန်ထုတ်လုပ်ရေး၊ မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းများ၊ လမ်း၊ ဆက် သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား စီမံကိန်းများ စသည့်အခြေခံအ ဆောက်အအုံ စီမံကိန်းများ ကြောင့် စီးပွားရေးတိုးတက်နှုန်း သည် ၇ ရာခိုင်နှုန်းအထိ ပြန် လည်ခေါင်းထောင်နိုင်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းကြောင့် ကုန်ထုတ် လုပ်ရေးကဏ္ဍတွင် တဖြည်း ဖြည်း ခေါင်းထောင်လာမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
သို့သော် ဖွံ့ဖြိုးရေးအတွက် အန္တရာယ်လည်းရှိနေပြီး ကိုဗစ် ပြည်တွင်းကူးစက်မှုလှိုင်းများထပ် မံကြုံတွေ့ရသည်ဖြစ်စေ၊ ကမ္ဘာ့ စီးပွားရေးနှေးကွေးမှု ပိုမိုကြာ ရှည်နေလျှင်ဖြစ်စေ ယခုမျှော် မှန်းချက်များအပေါ် သက်ရောက် မှုများရှိလာနိုင်သည်ဟုဆိုသည်။
ထို့အပြင် အစိုးရတွင် ဘဏ္ဍာရေးအားနည်းမှု၊ သဘာဝ ဘေး၊ ရွေးကောက်ပွဲအလွန်မရေ ရာမှုစိန်ခေါ်မှုများကလည်း စီးပွား ရေးတိုးတက်မှုအတွက် အန္တရာယ် များဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ကမ္ဘာ့ဘဏ်က အစိုးရအနေ ဖြင့် ကိုဗစ်ပျံ့နှံ့မှုလျှော့ချရေး ဆောင်ရွက်နေစဉ် အခြေခံလူ တန်းစားများကို အကာအကွယ် ပေးမည့် သက်သာရေးလုပ်ငန်း စဉ်များကို ပိုမိုအာရုံစိုက်ဆောင် ရွက်သင့်သည်ဟုအကြံပြုသည်။ အစိုးရပံ့ပိုးမှုများတွင် ပုဂ္ဂလိက စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း ထည့်သွင်းစဉ်း စားသင့်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ရောဂါထိန်းချုပ်ထားနိုင် လျှင် စီးပွားရေးကို နှိုးဆွနိုင်ရန် ဝယ်လိုအားဦးဆောင်သော မဟာ ဗျူဟာလိုအပ်လာမည်ဟု ကမ္ဘာ့ ဘဏ်က အကြံပြုသည်။ မြန်မာ နိုင်ငံတွင် ဒစ်ဂျစ်တယ်နည်း ပညာ၊ ဆေးဝါးထုတ်လုပ်ရေး၊အာ မခံလုပ်ငန်းများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများကို စီး ပွားရေး တိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် ထည့်သွင်း ကာ အခွင့်အလမ်းအသစ်များ ရှာ ဖွေသင့်သည်ဟု ကမ္ဘာ့ဘဏ်က အကြံပြုသည်။
ထို့အပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုအရှိဆုံးနိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ပြန်လည်ဖွင့်လှစ် ပေးနိုင်မှုအပေါ် မူတည်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
COVID-19 ကပ်ရောဂါကြုံ တွေ့နေရသော်လည်း ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွား ရေးတိုးတက်မှု(ဂျီဒီပီ)သည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ဒီဇင် ဘာ ၁၀ ရက်တွင် ထုတ်ပြန်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။
转载请注明:《缅乡消息(缅文/中文)7-Day News 世界银行估计,科维斯疫情将使缅甸经济仅增长2%(曹润盛供稿)》 复制链接
RSS