
၂၁ရာစုပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအ တွက် အရေးကြီးသည့်အချက်ဖြစ် သော တပ်ပိုင်းဆိုင်ရာပဋိပက္ခများ ဖြေရှင်းမည့်ပုံစံကို ယမန်နေ့က ကျင်းပသည့်အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင် ၁၀ ဖွဲ့၏ အစည်းအဝေး တွင်သဘောတူညီမှုရရှိခဲ့သည်။
နေပြည်တော်၌ သြဂုတ် ၁ရက်မှ စတင်ကျင်းပခဲ့သည့် အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့၏ ဆွေးနွေးပွဲတွင် နှစ်နှစ်နီးပါးကြာ မကျင်းပနိုင်ဖြစ်နေသည့် ပြည် နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) အစည်းအဝေးကိုလည်း ယခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်၌ ပြန်လည်ကျင်းပရန် သဘောတူ ညီခဲ့သည်ဟု အပစ်ရပ် ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ကိုယ်စားလှယ် နိုင်အောင်မငေးကပြောသည်။
၂၀၁၈ နှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)တို့ က ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေး ပွဲများတွင် ပါဝင်မှုရပ်ဆိုင်းခဲ့၍ JMC-S အစည်းအဝေးများ မကျင်းပနိုင်ခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ခဲ့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့် JMC-S အစည်းအဝေးများ ကျင်းပရန် အခက်အခဲရှိနေသည့် အပေါ် ညှိနှိုင်းခဲ့ရာပြေလည်မှုရခဲ့ ၍ အစည်းအဝေးအောင်မြင် ကြောင်း အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးကပြောသည်။
‘‘နှစ်ဖက်ကြားမှာရှိနေတဲ့ စိုး ရိမ်မှုတွေ၊ဖြစ်ပေါ်နေတဲ့ အဆင်မ ပြေမှုတွေ၊အခက်အခဲတွေ ဒါတွေ အားလုံးနှစ်ဖက်စလုံးက ပွင့်ပွင့် လင်းလင်းဆွေးနွေးတယ်။ ဆွေး နွေးပြီးရင်တော့ သဘောတူညီ ချက်ရယူနိုင်တဲ့အတွက် အောင် မြင်တဲ့အစည်းအဝေးဖြစ်ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါ တယ်’’ဟု ၎င်းကဆိုသည်။
အစိုးရ၊ တပ်မတော်နှင့် အ ပစ်ရပ် ၁၀ ဖွဲ့ထိပ်သီးခေါင်းဆောင် များ တက်ရောက်သည့် NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအဝေး (JICM) ဆုံး ဖြတ်ချက်တွင် NCA စာချုပ်ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ အကြား Bilateral ဆွေးနွေးရန်နှင့် အဆိုပါဆွေးနွေးမှုများနှင့်အပြိုင် JMC အစည်းအဝေးများ ကျင်းပ ရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းဆုံး ဖြတ်ချက် ပြေလည်မှုရရှိရေးသည် ၂၁ ရာစုပင်လုံ ကျင်းပရေးအ တွက် များစွာအရေးကြီးကြောင်း ဦးဇော်ဌေးကရှင်းပြသည်။
‘‘ဒီဟာမှာ အဆင်မပြေခဲ့ရင် နှစ်ဖက်က တော်တော်လေးအ ခက်အခဲတွေ့မယ်’’ဟု ဦးဇော်ဌေး ကဆိုသည်။
Bilateral အပိုင်းတွင် KNU အဖွဲ့နှင့် နယ်မြေများခွဲ၍ တွေ့ဆုံ ရမည်ဖြစ်ကြောင်း၊ RCSS အဖွဲ့ နှင့် ဆွေးနွေးမည်ဆိုပါကခွဲ၍တွေ့ ရန်မလိုဘဲ တစ်ဖွဲ့တည်းတွေ့၍ ရကြောင်း ၎င်းကရှင်းပြသည်။
ယင်းသို့ Bilateral တွေ့ ဆုံဆွေးနွေးမှုတွင် NCA စာချုပ်ပါ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များဆွေး နွေးသဘောတူညီပြီးပါက ယင်း နှစ်ဖက်သဘောတူညီချက်ကိုJMC စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။
‘‘ဥပမာ JMC-Uကို သွား မယ်။ နယ်မြေသတ်မှတ်ချက်၊ တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သ ဘောတူသွားပြီဆိုရင် အဲဒါတွေနဲ့ အညီ JMCက စောင့်ကြည့်ရမယ်။ အကယ်၍အောက်ခြေမှာ တစ်ခုခု ပေါ့။ အငြင်းပွားမှုဖြစ်တယ်ပြဿ နာဖြစ်တယ်ဆိုရင် နှစ်ဖက်တပ် သဘောတူထားတဲ့ဟာကိုကိုင်ပြီး တော့ JMCက ဒါကတော့ ဘယ် က ချိုးဖောက်တာလဲဆိုတဲ့ဟာမျိုး တွေ ဒါမျိုးကပိုပြီးတော့တိကျသွား တာပေါ့’’ဟု ဦးဇော်ဌေးကပြော သည်။
ယခင်က ထိုသို့နှစ်ဖက်သ ဘောတူညီချက်အပေါ် စောင့် ကြည့်ခြင်းမဟုတ်၍ ပြဿနာဖြစ် ပါက စွပ်စွဲသည့်သဘောဖြစ်ကာ NCA ကို မလိုက်နာဟု အပြန်အ လှန် အပြစ်တင်မှုများရှိခဲ့သည်ဟု ဦးဇော်ဌေးကရှင်းပြသည်။
အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စား လှယ် နိုင်အောင်မငေးကလည်း ‘‘ဒါက အရေးကြီးတယ်ဆိုတာ JMC-Sက ပျက်သွားတာ ၂ နှစ် နီးပါးရှိသွားပြီ။ ပြဿနာက JMC-S မှာပဲ တပ်ဘက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်တဲ့ ကိစ္စတို့ အဲဒီကိစ္စတို့က JMC-S မှာပဲ စတင်ဆွေးနွေးမှ ဒီကိစ္စက အဖြေတစ်ခု ရလဒ်ကောင်းတစ်ခု ပေါ်လာမယ်။ ဒါကြောင့်မိုလို့ ဒီ ကိစ္စက အရေးကြီးဆုံးဖြစ်နေ တယ်။ ဒီကိစ္စဖြေရှင်းလို့ပြီးမှပဲ တ ခြား JICMမှာ ချထားတဲ့ တစ်ခု လုံးက ပြေလည်တဲ့လမ်းကြောင်း ပေါ်လာမှာ’’ဟု မှတ်ချက်ပြုသည်။
ယခုဆွေးနွေးပွဲပြေလည်မှုရ ၍ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပ ရေးဆိုင်ရာ နှစ်ဖက်ဆွေးနွေးမှုများ ကို ဆက်တိုက်ကျင်းပကာညီလာ ခံကို သြဂုတ် ၁၉ရက်မှစ၍ သုံး ရက်ကြာ ကျင်းပသွားရန်သတ် မှတ်ထားသည်။
十个停火小组协调小组的代表奈昂玛额说,联二奶级联合监督委员会(JMC_S)一古能举行会谈已有近两年的讨间,现已同意在8月1日在内比都举行政府与十个停火组织之向的会议上同意再次召集会议。
由于就解决军事冲突方案达成协议,致使二十一世纪庞隆会议能成功召开同意重启停滞不前的(JMC-S)会仪。
作者:吐素吞,叶乃宁2020年8月30日,星期一01:30政府与NCA签署的民族武装团体,昨天举行(JMC-S)会仪。
政府和NCA的1O个签约民武组织的协调组,昨天就如何解决军事冲突达成了共识,这对21世纪庞隆会议的成功举行至关重要。
对能成功地举行21世纪厐隆会议的主要点,有关如何解决军事矛盾的方案,昨天举行的政府与NCA十个民武组织的会认上得到了共识。
在尼比都八月一日开始举行的政府与停火十个组织会议上,对将近两年停止了举行的,邦区级武装冲突方面的停火协商监视委员会(JMC-S)会议,也在去年十一月的最后一周,达成重新召开会议的同意。停火签约十大组织的协调代表奈旺马仁解答。
2018年底,卡伦民族联盟(KNU)和珊邦重建委员会(RCSS)暂停了其参加和谈的活动,选成了(JMC-S)会议无法举行。
联邦级的联合停火监视委员会(JMC-U)虽然能从新召开会议,各大邦区级(JMC_S)会议的召开遇到的困难,经过协商得到解决,会议得到完滿成功,政府代表Zaw Htay说。“双方之间存有的担心忧虑,双方间的不协调,种种困难,对这些双方都开诚布公,毫无保留地进行了讨论。讨论之后会得到一致,所以可这么说会议基本上是成功的,首先我想这么说。”
政府军与十个停火签约组织领首参加的NCA实现协会(JICM)的决议中,NCA文件中有关军事方面的事的政府和民武之间Bilateral讨论会,和这讨论会同时JMC会议的举行的决议。为这决议得到顺利和执行,对举行21世纪厐隆会议有很重要的意义。宇素蒂解释说。
“这项如果不顺利的话,双方都会碰到很大的困扰。”宇素蒂这么说。
Bilateral内有要与各组织分区单独相会的条文,如要和RCSS组织相会,不能和其他组织同时进行,要各个分区个别相会。RCSS认为不必各别进行。
这样在Bilateral会面协商的NCA文件中,有关军事方面的事得到共识之后,对两方取得的共识,JMC监视工作要执行下去,宇素蒂说。
“例如:要执行(JMC_U),区域分划,军事行动,要怎么执行?得到共识后,依据共识JMC要监视。假如下层发生任何不同意见,发生问题,就要紧握双方曾经得的共识,JMC要能评判,这是哪方的错误,这样就会更加准确。”宇素蒂说。
以前对双方得到的共识缺少尊守,一发生问题就互相推委责任,互相指责对方不尊重NCA。宇素蒂解释说。
停火签约十个组的代表奈旺玛额说:“重要的是,JMC_S停顿已有两年多,问题是JMC_S才有停火战斗的有关事项的讨论协商杈,只有JMC_S进行协调,才会有好结果。所以,这是最要紧的事。这问题解决了,其他如JICM也才能上正轨。
现在的会议得到的完满,致使21世纪厐隆会议能成功执行,双方筹备会议将继续进行,厐隆会议将于八月19日开始,为期三天。
转载请注明:《အစိုးရနှင့် NCA လက်မှတ်ထိုးထားသော တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညှိနှိုင်းရေးအဖွဲ့တို့ ယမန်နေ့ကဆွေးနွေးစဉ် (ဓာတ်ပုံ – NCA-S EAO) 联邦政府和NCA的10广组织昨天就如何解决军事冲突达成了协议,这对21世纪庞龙会议的成功至关重要。(缅文-曹润盛供稿,中文-丘文翻译)》 复制链接
RSS